Thursday, April 14, 2016

ဂျပန်နိုင်ငံ အနောက်တောင်ပိုင်းမှာ ပြင်းအား M7 ရှိသော ငလျှင်လှုပ်

၂ဝ၁၆ဧပြီ၁၄ရက် ဂျပန်စံတော်ချိန် ည၉နာရီ၂၆မိနစ်ခန့်မှာ M6.5 အင်အားပြင်း ငလျှင်ကြီး ဂျပန်နိုင်ငံ အနောက်တောင်ပိုင်း Kyuushuu ကျွန်း Kumamoto ခရိုင်ကို ဗဟိုပြုပြီး လှုပ်ခတ်သွားသည်။ ထိုငလျှင်ကြောင့် Tsunami ဒီလှိုင်းအန္တရာယ် သတင်း မရှိသော်လည်း သေဆုံး ထိခိုက်ဒဏ်ရာရခြင်း အပျက်အစီးများ ရှိခဲ့သည်။
ထိုငလျှင်ကြောင့် ယခုအချိန်အထိ ၁ဝဦး အသက်ဆုံးရှုံးပြီး ထိခိုက်ဒဏ်ရာရသူ ၆၅ဝကျော်ရှိကြောင်း အရေးပေါ် သတင်းမှာ ကြေညာထားသည်။
Kyuushuu ကျည်ဆံရထား ဂိုဒေါင်မှ ပြောင်းရွှေ့စဉ် သံလမ်းလွှဲချော်မှုရှိပြီး ထွက်ခွာမောင်းနှင်းဖို့ ရထားလိုင်း ပိတ်ထားရသည်။
အင်အားအပြင်းဆုံး M7 အထိရှိသော ထိုငလျှင်ကြီးသည် Kumamoto ခရိုင် 益城 Mashiki မြို့မှာ လှုပ်ခတ်ခဲ့သည်။ နောက်ဆက်တွဲ ငလျှင်များ အကြိမ်ပေါင်း ရာကျော်လှုပ်ခတ်နေသည်။ တပတ်အတွင်း ပြင်းအား M6 ရှိသော ငလျှင်အန္တရာယ်ရှိကြောင်း ကြေညာထားသည်။

No comments: