Wednesday, April 13, 2016

မြန်မာနိုင်ငံမှာ ပြင်းအား M6.9 ရှိသောငလျှင်လှုပ်

အမေရိကန် ဘူမိဗေဒတိုင်းတာရေးဌာန USGS ကတော့ မြန်မာနိုင်ငံအနောက်မြောက်ပိုင်း စစ်ကိုင်းဒေသမှာ ၁၃ရက် ညနေ၈နာရီ၂၅မိနစ် (ဂျပန်စံတော်ချိန် ည၁ဝနာရီ၅၅မိနစ်) ခန့်မှာ ပြင်းအား ၆.၉ ရှိတဲ့ ငလျင်လှုပ်ခတ်သွားတယ်လို့ ကြေညာထားသည်။
ယခုအချိန်ထိ ထိခိုက်ပျက်စီးမှု သတင်းများ မထွက်ပေါ်သေးဘူးဟု ဆိုသည်။
 နေပြည်တော်မြောက်ဘက် အနောက်မြောက် ၃၉၆ကီလိုမီတာကွာဝေးပြီး၊ ငလျှင်ဗဟိုချက် ၁၃၄ကီလိုမီ တာအနက်ရှိသည်။ စစ်ကိုင်း၊ မုံရွာ၊ ရွှေဘို၊ မော်လိုက်၊ နေပြည်တော်နှင့် ရန်ကုန်စသည့် မြန်မာနိုင်ငံ မြို့အတော်များများမှာ ငလျှင်လှုပ်ခတ်မှုကို ခံစားသိရှိခဲ့သည်ဟု သိရသည်။ ၎င်းပြင် အိန္ဒိယ၊ တရုတ်နိုင်ငံများ မှာလည်း ငလျှင်လှုပ်ခတ်ကြောင်း သတင်းကြေညာထားပါသည်။
ငလျှင်ဗဟိုနှင့် နီးစပ်သော အိန္ဒိယ အာသံပြည်နယ်နှင့် အရှေ့မြောက်ပိုင်းမှာ လျှပ်စစ်မီးပြတ်တောက်ခြင်း များ ဖြစ်ပေါ်နေပြီး၊ မိုဘိုင်းဖုန်းလိုင်းများ ဆက်သွယ်ရေး ချို့ယွင်းမှု ဖြစ်ပေါ်ခဲ့သည်ဟု သိရသည်။

No comments: