Wednesday, October 8, 2014

နိုဘဲလ်ရူပဗေဒဆုကို ဂျပန်၃ဦးရရှိ

    ၂၀၁၄ခုနှစ် ရူပဗေဒပညာရပ်ဆိုင်ရာ နိုဘဲလ်ဆုကို Meijō တက္ကသိုလ်က ပါမောက္ခ Isamu Akasaki, Nagoya တက္ကသိုလ်က ပါမောက္ခ Hiroshi Amano, California တက္ကသိုလ် Santa Barbara က ပါမောက္ခ Shūji Nakamura တို့ ၃ဦးပူး တွဲ ရရှိခဲ့သည်။
    ထိုပညာရှင်၃ဦးသည် အပြာရောင် LED* ကို တီထွင်ရှာဖွေတွေ့ရှိခဲ့သည်။ ယခုခေတ် ဖန်သားမျက်နှာပြင်မြင်ကွင်းအကြီးကြီးတွေမှာ RGB အခြေခံတဲ့ အနီ၊ အ စိမ်းနှင့် အပြာ LED အလင်းရောင်ကို ကျယ်ကျယ်ပြန့်ပြန့်သုံးနေပါသည်။ အဲဒီအထဲ မှာ LED အပြာရောင် အလင်းက တီထွင်ထုတ်လုပ်မှုကို အခက်ကြုံခဲ့တယ်လို့ Nakamura က Tokushima မှာရှိတဲ့ Nichia Chemicals ကုမ္ပဏီလေးမှာ အလုပ်လုပ်စဉ် ပြောခဲ့သည်။ ၁၉၈၉ခုနှစ်မှာ တက္ကသိုလ်ဆရာများဖြစ်တဲ့ Akasaki နှင့် Amano တို့ က ကမ္ဘာ့ပထမဆုံး အောင်မြင်စွာတီထွင်နိုင်ခဲ့သည်။
    LED အလင်းရောင်က တောက်ပပြီး အဝေးကြီးမှမြင်နိုင်ယုံသာမက မီးလင်းဖို့အတွက်စွမ်းအင်အနည်းငယ်သာလိုပြီး၊ တာရှည်ခံသည်။
    ၁၉ရာစုနှောင်းပိုင်းမှာ အလင်းရောင်ရဲ့ဖခင်လို့ဆိုရမဲ့ Thomas Edison က ဖန်မီးသီးကို တီထွင်နိုင်ခဲ့ရာမှ နည်းပညာအစပြုခဲ့သည်။  LED နည်းပညာကို အခု လို နိုဘဲလ်ဆု ချီးမြှင့်လိုက်တဲ့အတွက်ကြောင့် ၂၁ရာစုဟာ LED အလင်းခေတ်ဟု ဆို ရပေလိမ့်မည်။
LED* = Light-Emitting Diode (LED)

No comments: