Thursday, July 12, 2018

မဟတ္တမ ဂန္ဓီရဲ့ ဖိနပ်တစ်ရံ

မဟတ္တမ ဂန္ဓီရဲ့ ဖိနပ်တစ်ရံ
တစ်နေ့ မဟတ္တမ ဂန္ဓီကြီး ခရီးသွားရန် ရထားပေါ်အတက်မှာ သူ၏ဖိနပ်တစ်ဖက် ကျွတ်ပြီး အောက်ဘက်သံလမ်းပေါ် ကျသည်။ ရထားက ထွက်စပြုနေပြီဖြစ်ရာ သူ ကောက်မယူနိုင်တော့။
ဘေးလူတွေ ငေးကြည့်နေကြဆဲ ဂန္ဓီက အေးအေးဆေးဆေးပင် သူ့မှာ ကျန်နေသေးသည့် ဖိနပ်တစ်ဖက်ကိုချွတ်ကာ စောစောက ကျွတ်ကျခဲ့သည့် နေရာဘက်ဆီသို့ လှမ်းပစ်လိုက်သည်။
“ဟာ ... ဘာလုပ်တာလဲ” ခရီးသည်တစ်ယောက်က မေးသည့်အခါ ဂန္ဓီကြီးက ပြုံးပြီး “စောစောက တစ်ဖက်တည်း ကောက်ရမယ့်လူ အခုတော့ တစ်ရံ ရသွားမှာပေါ့ဗျာ၊ အဲဒါဆို သူ စီးလို့ ရသွားပြီ” ဟု ဖြေလေသည်။
မူရင်း ။    ။ The Little, Brown Book of Anecdotes မှ အမည်မသိစာရေးသူ၏ Shoes ကို ဆရာဖေမြင့် ဘာသာပြန် ရေးသားသည်။
စာပေမြတ်နိုးသူများ - ဖေမြင့်၊ နှလုံးသား အာဟာရ (ရသစာများ) ဘာသာပြန်စာအုပ်ကို ဝယ်ယူ အားပေးခြင်းအားဖြင့် စာရေးဆရာများအား ကျေးဇူးဆပ်ကြပါစို့။

No comments: