Friday, December 10, 2010

၆၂ နှစ်မြောက် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့ အထိမ်းအမှတ် ထုတ်ပြန်ကြေညာချက်

The Statement on Commemoration of 62th Anniversary on

International Human Rights Day

December 10, 2010

On this auspicious of the 62th anniversary of International Human Rights day, we, the Burmese pro-democracy activists in Japan express our strong believe in freedom and human rights as a basic foundation for peace and stability of the whole world.

The current military regime in Burma (Myanmar) has violated the human rights systematically so that the people of Burma have faced political, social, educational, health and economic crisis for more than two decades.

Although the article 19 of Universal Human Rights Declaration clearly stated that everyone has right to freedom of expression and seek, receive and impart information, the people of Burma cannot benefit this right. For example, when 1991 Nobel Peace laureate and democracy leader Aung San Suu Kyi was released from house arrest on November 13, 2010, local weekly journals posted that news extensively. So, the several journals have been suspended by the military authorities a couple of weeks ago.

Restrictions on communication and losing the right to get information hinder the development of individual and society. Burma will become a stable society and developed one when the freedom prevail and human rights were guaranteed.

So, we, Burmese pro-democracy activists in Japan declare that we shall try restoration of freedom and human rights in our country, furthermost.

Burmese Pro-democracy Activist in Japan

၆၂ နှစ်မြောက် အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးနေ့အထိမ်းအမှတ် ထုတ်ပြန်ကြေညာချက်

ဒီဇင်ဘာ ၁၀ ၊ ၂၀၁၀ ခုနှစ်

၆၂ နှစ်မြောက် နိုင်ငံတကာလူ့အခွင့်အရေးနေ့တွင် ဂျပန်ရောက်မြန်မာ့ဒီမိုကရေစီအင်အားစုများအနေဖြင့် ထုတ်ဖော် ပြောဆိုလိုသည်မှာ လွတ်လပ်မှုနှင့် လူ့အခွင့်အရေးသည် ကမ္ဘာကြီးငြိမ်းချမ်းရေးနှင့်တည်ငြိမ်ရေးအတွက် အခြေခံ အကျဆုံးသောအုတ်မြစ်ဖြစ်သည်ဟု ခိုင်မာစွာယုံကြည်ထားသည် ဆိုသည့်အချက်ဖြစ်သည်။

မြန်မာနိုင်ငံကို အုပ်ချုပ်နေသောလက်ရှိစစ်အစိုးရသည် လူ့အခွင့်အရေးချိုးဖောက်မှုများကို စနစ်တကျဖြင့်ကျူးလွန်နေ သောကြောင့် မြန်မာပြည်သူပြည်သားများသည် နိုင်ငံရေး၊ လူမှုရေး၊ ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေး စသည့် အကျပ် အတည်းများစွာဖြင့် ရင်ဆိုင်နေရသည်။

အထူးသဖြင့် အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးကြေညာစာတမ်း၏ အပိုဒ် ၁၉ တွင်ဖော်ပြထားသည့် လွတ်လပ်စွာ သဘောဆနထုတ်ဖော်ပြသခွင့်နှင့် သတင်းအချက်အလက်ရယူပိုင်ခွင့်များချိုးဖောက်ခံနေရပေသည်။ ထင်ရှားသည့် သာဓကတခုမှာ ၁၉၉၁ ခုနှစ် နိုဘဲလ်ငြိမ်းချမ်းရေးဆုရှင် မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် နိုင်ငံဝင် ၁၃ ရက်တွင် နေအိမ်အကျယ်ချုပ်မှလွတ်မြောက်လာခဲ့သည့်သတင်းအား မြန်မာနိုင်ငံတွင်းအပတ်စဉ်ထုတ် ဂျာနယ်များ တွင် ကျယ်ကျယ်ပြန့်ပြန့်ဖော်ပြခဲ့သည့်အတွက် ဂျာနယ်အချို့ ထုတ်ဝေခွင့်ယာယီရပ်ဆိုင်းခံခဲ့ရခြင်းဖြစ်သည်။

ဆက်သွယ်ရေးနှင့် သတင်းအချက်အလက်သိရယူပိုင်ခွင့်တားမြစ်ခံရခြင်း ဆုံးရှုံးနေရခြင်းများသည် လူတဦးချင်းစီနှင့် လူ့အဖွဲ့အစည်းတိုးတက်ဖွံ့ဖြိုးရေးကိုထိခိုက်နစ်စေပေသည်။

မြန်မာနိုင်ငံတွင် လွတ်လပ်မှုထွန်းကားပြီး လူ့အခွင့်အရေးအတွက် အာမခံချက်များရှိပါက တည်ငြိမ်သောလူမှုအသိုင်း အ၀ိုင်းတည်ဆောက်နိုင်မည်ဖြစ်ပြီး ဖွံ့ဖြိုးတိုးတက်များရရှိလာနိုင်မည်ဖြစ်သည်။ ထိုသို့သောအခြေအနေများ ရှိမှသာ အာရှဒေသတွင်းငြိမ်းချမ်းရေးနှင့်တည်ငြိမ်ရေးကို အထောက်အပံ့ပြုရာရောက်ပေမည်။

ထို့ကြောင့် ဂျပန်ရောက်မြန်မာ့ဒီမိုကရေစီအင်အားစုများအနေဖြင့် မြန်မာနိုင်ငံတွင် လွတ်လပ်မှုနှင့် လူ့အခွင့်အရေးများ ထွန်းကားရေးအတွက် အစွမ်းကုန်ဆက်လက်ကြိုးပမ်းသွားမည်ဖြစ်ကြောင်း ထုတ်ပြန်ကြေညာလိုက်သည်။

မြန်မာ့ဒီမိုကရေစီအင်အားစုများ

ဂျပန်နိုင်ငံ

No comments: