Friday, March 14, 2008

မြန်မာနိုင်ငံလူ့အခွင့်အရေးနေ့ချီတက်ဆန္ဒပြပွဲ တိုကျိုတွင်ကျင်းပ

စစ်အာဏာရှင်စနစ်ဆက်လက်တည်မြဲနေသ၍ မြန်မာနိုင်ငံ၏ လူ့အခွင့်အရေးများ ဆက်လက်ဆုံးရှုံးနေမည်။ ၈လေးလုံး အရေးတော်ပုံ၏ မီးပွားလေးဟာ ကိုဖုန်းမော်၏ အသက်ကို ကျည်နှင့် လဲခဲ့ရသည်။ ၁၉၈၈-မတ်လ-၁၃၊ ကိုဖုန်းမော်ကျဆုံးပြီး တနှစ်အကြာတွင် မြန်မာနိုင်ငံ၏လူ့အခွင့်အရေးနေ့အဖြစ်သတ်မှတ်ခဲ့သည်။ ကိုဖုန်းမော်၏ ဇာတိက ပုသိမ်၊ တဂေါင်းဘုရားလမ်း မှဟုကြားသိရဘူးပါသည်။ တိုကျိုမြို့ရှိမြန်မာ့ဒီမိုကရေစီအရေးလှုပ်ရှားသူများ ကလည်း မြန်မာနိုင်ငံ၏ လူ့အခွင့်အရေးများဆက်လက် ချိုးဖေါက်ခံရခြင်းမှ ရပ်တန့်ရန် ကမ္ဘာ့နိုင်ငံများမှ မြင်သာစေရန် ယမန်နေ့ နေ့လည် ၂နာရီမှာ တိုကျိုမြို့တွင်းချီတက်ဆန္ဒပြခဲ့သည်။ တဆက်တည်းမှာပင၊် မတရားဖမ်းဆီးနှိပ်စက်ခံနေရသည့် နိုင်ငံရေးအကျဉ်းသားအားလုံး ချက်ချင်းလွတ်မြောက်ရေးအတွက် တိုကျိုနအဖသံရုံးရှေ့တွင် ပိုစတာဓါတ်ပုံပြပွဲ၊ တိုက်ပွဲခေါ်သံများနှင့် တောင်းဆိုခဲ့ပါသည်။
Click here to photo news!

No comments: