Showing posts with label poetry. Show all posts
Showing posts with label poetry. Show all posts

Tuesday, April 10, 2018

ဘဝခရီး

ဘဝခရီး
သမုဒ္ဒရာ၊ ဝမ်းတစ်ထွာအတွက်၊
ညချမ်းအရုဏ်၊ မွန်းတည့်နေစောင်း၊
တနေဝင် တနေထွက်၊ ဘဝခရီးအတွက်၊
ကာယဉာဏ၊ ဇွဲလုံ့လဖြင့်၊
ဝမ်းစာရှာထွက်၊ ရှင်သန်ဖို့အတွက်၊
ရှည်လျှားဘဝ၊ ဒီခရီးကို၊
မနက်ဖန်လည်း၊ ဆက်လျှောက်မည်။    ။

Thursday, December 5, 2013

あしあと

ある夜、わたしは夢を見た。
わたしは、主とともに、なぎさを歩いていた。
暗い夜空に、これまでのわたしの人生が映し出された。
どの光景にも、砂の上にふたりのあしあとが残されていた。
ひとつはわたしのあしあと、もう一つは主のあしあとであった。
これまでの人生の最後の光景が映し出されたとき、
わたしは、砂の上のあしあとに目を留めた。

そこには一つのあしあとがなかった。
わたしの人生でいちばんつらく、悲しい時だった。
このことがいつもわたしの心を乱していたので、
わたしはその悩みについて主にお尋ねした。

「主よ。わたしがあなたに従うと決心したとき、
あなたは、すべての道において、わたしとともに歩み、
わたしと語り合ってくださると約束されました。
それなのに、わたしの人生のいちばんつらい時、
ひとりのあしあとしかなかったのです。
いちばんあなたを必要としたときに、
あなたが、なぜ、わたしを捨てられたのか、
わたしにはわかりません。」

主は、ささやかれた。
「わたしの大切な子よ。
わたしは、あなたを愛している。あなたを決して捨てたりはしない。
ましてや、苦しみや試しの時に。
あしあとがひとつだったとき、
わたしはあななを背負って歩いていた。」

マーガレット・F・パワーズ
translation copyright (C) 1996 by Pacific Broadcasting Association

Monday, December 27, 2010

ဗုံနဲ့ တယော၊ ရောဖွဲ့ ဂီတ

ဗုံတွေကိုထုနှက်ကြပေါ့ 
နှဲကိုချောအောင်မှုတ်ကြပေါ့ ။
အလို-
မြို့ တော်ရဲ့ လမ်းမတွေ
ခန်းခြောက်နေပါလား။
မောင်သင်းခိုင်နေမှကောင်းရဲ့ လား
ကျနော်စိတ်ပူတယ်။
မောင်စိမ်းနီနေမှကောင်းရဲ့ လား
ကျနော်စိတ်ပူတယ်။
မောင်သွေးသစ်နေမှကောင်းရဲ့ လား
ကျနော်စိတ်ပူတယ်။
မောင်အောင်ပွင့်နေမှကောင်းရဲ့ လား
ကျနော်စိတ်ပူတယ်။
မောင်သိန်းဇော်နေမှကောင်းရဲ့ လား
ကျနော်စိတ်ပူတယ်။
ကိုနီလုံဦး
ကိုအောင်ဇင်မင်း
ဆရာမုံရွာအောင်ရှင်တို့ 
နေမှကောင်းရဲ့ လား
ကျနော်စိတ်ပူတယ်။

အဝေးက
ကျနော့်နောင်တော်တွေ
ပြီးတော့
ညီတော်တွေကိုလည်းပဲပေါ့ 
ကျနော်စိတ်ပူတယ်။
မိုဃ်းဇော်ကြီးနေကောင်းရဲ့ လား
မင်းရဲ့ အစိမ်းရောင်စင်္ကြံများ
ဖတ်ရင်းကလွမ်းရတယ်ကွာ။
လူအိမ်နဲ့ ဖြိုးထိန်
ဘာငြိကြတာတုံး
ဖြိုးထိန်ကလည်းဖြိုးထိန်
လူအိမ်ကလည်းလူအိမ်ထင်ပါရဲ့ ။
ကြည်ဇော်အေးရေ
သတိထား
ကိုဖြိုးထိန်ကြီးသေနတ်တကားကား။
ကြည့်ပါလား
ကဗျာဆရာတွေပန်းချီပြပွဲလုပ်တာ
သူဝေဖန်နေပြန်ပြီ။
ကြည့်ဦးကွာ
ကဗျာဆရာတွေသစ်ပင်စိုက်တာလည်း
သူရှုတ်ချနေပြန်ရော။
ရော်-ဒီလူကြီးတယ်ခက်ပါလား
ခေတ်ကြီးက
တယောမထိုးရလို့ 
အမိန့် ထုတ်ထားတဲ့ခေတ်ကြီးလေ။
ငါတို့ က
ကဗျာဆရာတွေက
တယောမထိုးရဆိုတဲ့ခေတ်ထဲမှာ
နှဲမှုတ်ကျင့်နေကြတာပါ။
တယောမထိုးရလို့ 
ငါတို့ 
နှဲမှုတ်နေကြတာမဟုတ်လား။
ခွင့်လွှတ်လိုက်ပါကွာ
ငါတို့ ရဲ့ ကိုဖြိုးထိန်ခမျာ
တစ်မျိုးစိုးရိမ်တာနေမှာ။
မစိုးရိမ်ပါနဲ့ ဗျာ
နှဲချောတော့ တယော လို့ ဆိုသမို့ လား
ကိုဖြိုးထိန်။
ခင်ဗျား
ကလေးတွေနှဲမှုတ်နေတာ
ဝင်မရှုပ်ပါနဲ့ ။
ခင်ဗျားလက်ထဲကတယော
ဘယ်သူရိုက်ချိုးထားသလဲ။
ခင်ဗျားရဲ့ ဘိုးတံကလေး
ဘယ်သူနင်းချေသွားသလဲ။
ကိုဖြိုးထိန်ရယ်
ခင်ဗျားစဉ်စား
နေကောကောင်းရဲ့ လား
ကျနော်စိုးရိမ်တယ်။

ဗုံတွေကိုထုနှက်ကြပေါ့ 
နှဲကိုချောအောင်မှုတ်ကြပေါ့ ။
အဝေးကကျနော့်နောင်တော်
ညီတော်အားလုံး
ကျနော်စိုးရိမ်တယ်။
မင်းထက်မောင်ရေ-
လရောင်နည်းနည်းရှိရင်
တို နည်းနည်းလမ်းဆက်လျှောက်ရမယ်။
မင်းတို့ လုပ်နေတဲ့အလုပ်တွေ
ငါထောက်ခံပါတယ်။
ကဗျာဆရာတွေ
သစ်ပင်လည်းစိုက်ပါ
ပန်းချီပြပွဲလည်းလုပ်ပါ။
ကဗျာဆရာတွေ
သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးလည်း
လုပ်ပါ
ကဗျာလောကသန့် စင်ရေးလည်း
လုပ်ပါ။
ကဗျာဆရာတွေ
ကဗျာပြပွဲတွေလည်းလုပ်ပါ။
ကဗျာဆရာတွေ
ဝေဒနာပြပွဲတွေလည်းလုပ်ပါ။
ဒီမှာ နိုင်သစ်နီရဲ့ 
“ကဗျာဆရာတွေ
ဒီအလုပ်တွေလုပ်နေတာ
ဒိထက်ပိုလေးနက်ကျယ်ပြန့် တဲ့
အဓိပ္ပာယ်ရှိနိုင်ပါတယ်”
မင်းလည်းကြားမှာပါ
တို့ ဆရာဇော်ဇော်အောင်
သူ မင်းတို့ ကိုနားလည်တယ်။
ကိုရဲကြီး(သစ္စာနီ)
သူ မင်းတို့ ကိုနားလည်တယ်။
မောင်ရန်ပိုင်
မောင်လင်းရိပ်
စိတ်မပူနဲ့ 
မင်းတို့ ဘက်မှာသူတို့ ရှိတယ်။
ဟိုတုန်းက
ဆရာမင်းလှညွန့် ကြူး
ရေးဖူးတာအမှတ်ရရဲ့ ။
“အတိတ်၊ပစ္စုပ္ပန်၊အနာဂတ်
ညှပ်သုံးညှပ်ကြား
ကင်သောငါးကဲ့သို့ ” တဲ့။
တို့ အဖြစ်ကတော့
ဖက်ဆစ်ရဲ့ဘေး
ကြံ့ဖွတ်ဘေး
နာဂစ်-ဂီရိမုန်တိုင်ဘေး
ဘေးသုံးဘေးကြား
ရေနည်းငါး ဖြစ်ခဲ့ပြီ။
နွယ်စိမ်းဝေ
တို့ ခရီးမဆုံးသေးဘူး
ကျန်ရစ်သူလည်းကျန်ရစ်ခဲ့ပြီ။
ငါ့ ညီ သန်းမြင့်အောင်
သူနေရစ်ခဲ့ပြီ။
သူ ကွယ်လွန်ပြီ
သေသည်ဆိုငြား
သူကားတောက်ပဆဲပါလား။
ကျန်းမာရေးတော့ဂရုစိုက်ကြပါ
ရာမျိုးတို့ 
ပိုင်တို့ ရေ။
ဆရာဒဂုန်တာရာတို့ 
ဆရာပါရဂူတို့ ကိုတော့ငါမပူဘူး
သူတို့ ကကျန်းမာတယ်။
မကျန်းမာတာက
ငါ့ ကဗျာဆရာတွေပါ။
ဝိုင်ချို
မင်းကိုယ်မင်းတည်ဆောက်ပါ။
မင်းတို့ 
အောင်ရင်ငြိမ်းတို့ 
တိုးနှောင်မိုးတို့ အတွက်
ငါစိတ်မချဘူး။
မင်းတို့ ဟာ
ကဗျာဆရာကောင်းတွေပါ
ခေတ်ကိုနားလည်ပါတယ်။
အခုအချိန်မှာ
မင်းတို့ ဘာလုပ်ရမလဲဆိုတာ
မင်းတို့ သိပါတယ်။
အေးကွာ သိရင်
နည်းနည်းလျှော့သောက်ကြကွာ။
ကိုဇေယျာလင်း
ကိုငြိဏ်းဝေ
ကိုမောင်မောင်ဇေယျ
ငြင်းခုန်ခြင်းတွေကိုလည်း
အောင်ဝေးက
သတိရပါရဲ့ ။
စေတ
ဘုန်းသက်ပိုင်
လက်ျာဝင်း
စသဖြင့်
“ဒီနေ့ ဟာအစဖြစ်တယ်”ဆိုတဲ့
မောင်တင်သစ်ကိုလည်း
သတိရပါရဲ့ ။
ကပ်ဖ်ကာ (သို့ မဟုတ်) ရေခဲပင်လယ် လို့ 
ကြားဖူးပါရဲ့ ။
မြန်မာကဗျာဆရာတွေကတော့
လှိုင်းထန်တဲ့ပင်လယ်
ဟုတ်တယ်မဟုတ်လား
ကိုစိုးမြင့်သိန်းရယ်။
ပန်းဆိုးတန်းမှာ
လွမ်းမိုးသန်းနေတုန်းလား။
လွမ်းရေးချို
ဝမ်းရေးပို
ခေတ်ကိုဖြတ်သန်းနေတုန်းလား။
မန္တလေးက
ကိုပိုင်စိုးဝေကြီးနဲ့ တကွ
မောင်နီဦး
နေမျိုး
မောက်နွေထက်
ဒါ့ အပြင်
ချစ်ရတဲ့ညီတွေကိုလည်း
အစ်ကိုသတိရပါတယ်။
စံညိမ်းဦး
ခင်ဇော်မြင့်
ထက်တည်မြင့်
ငါ့ ရဲ့ တမာပွင့်တွေ။
နိုင်မွန်အောင်သွင်
ထင်းရှူးလွင်ပြင်က
ငါ့ နေကြာပွင့်။
မျှော်လင့်ခြင်းဟာ ပျဉ်းမနား
ပျဉ်းမနားက
အစိမ်းရောင်နှင်းတွေ
ငါသတိရနေတယ်။
အိုအောင်ရေ-
မောင်ရှင်စောရေ-
လှိုင်းထက်ရေ-
မျိုးတေဇာမောင်ရေ-

ဗုံတွေကိုထုနှက်ကြပေါ့ 
နှဲကိုချောအောင်မှုတ်ကြပေါ့ ။
မုံရွာက
တောင်ငူက
မင်းဆွေနှစ် အစ
အောင်ခိုင်မြတ် အဆုံး
အားလုံးဟာပန်းတစ်ကုံး။
ရဲဘော်တို့ ရေ-
ရန်သူကိုမိတ်ဆွေဖွဲ့ တာမဟုတ်
ရန်သူကိုမိတ်ဆွေဖြစ်အောင်လုပ်။
ခေတ်ကို
မာယာပါပါ ကဗျာထဲထည့်။
အခန့် မသင့်တဲ့အခါ
ခေတ်ကိုကဗျာထဲထည့်တဲ့ကဗျာဆရာ
ခေတ်ကသူ့ ကိုထောင်ထဲထည့်တာလည်း
ကြုံရပါရဲ့ ။
အခုတော့
ကိုစောဝေအိမ်ပြန်ရောက်ပါပြီ။
ကဗျာဆရာဇော်သက်ထွေး
တောင်ကြီးထောင်ထဲမှာ။
ဘလော့ဂ်ဂါကဗျာဆရာနေဘုန်းလတ်
ဘားအံထောင်ထဲမှာ။
ကဗျာဆရာတွေရဲ့ ပေးဆပ်မှု
ပြည်သူကဂုဏ်ပြုမယ်။
ကိုဇာဂနာရေ-
အားတင်းထား
လွမ်းတဲ့အခါ ကဗျာတွေရေးပါလား။
မင်းကိုနိုင်ရေ-
ခေါင်းမော့ထား
နာကြည်းတဲ့အခါ ကဗျာတွေရေးပါလား။
အကျဉ်းထောင်ထဲမှာ
ကဗျာဟာ
အလင်းရောင်ပါ။
တာရာမင်းဝေရေ-
နီကိုရဲရေ-
ကဗျာရွတ်သံတွေမကြားဘူးလား။
ကိုငြိမ်းသစ်ကဗျာရွတ်နေတယ်
ကြည်မောင်သန်းကဗျာရွတ်နေတယ်
ဟောသမှာ
မဖြူဖြူသင်းတို့ ရဲ့ 
တောင်ဒဂုံ HIV ဂေဟာမှာ။
လူမှုရေးလုပ်ငန်းတွေမှာ
ကဗျာဆရာတွေပါရမယ်။
အဖြူရောင်သက်တံမှာ
ကဗျာဆရာတွေပါခဲ့တယ်။
ပရဟိတအလုပ်တွေမှာ
ကဗျာဆရာတွေပါရမယ်။
နာဂစ်မှာ
ကဗျာဆရာတွေပါခဲ့တယ်။
နိုင်ငံ့အရေးမှာ
ကဗျာဆရာတွေပါရမယ်။
ရှစ်ဆယ့်ရှစ်မှာ
ရွှေဝါရောင်မှာ
ကဗျာဆရာတွေပါခဲ့တယ်။
ရဲဘော်ကြီးကွန်စစ်ကောင်းတို့ 
ဝေးခေါင်တို့ ကိုလည်း
အဝေးကဂုဏ်ပြုလိုက်ပါရဲ့ ။
မဖြူဖြူသင်းကိုကူညီတာဟာ
ခေတ်ကြီးကိုကူညီတာပါပဲ။
ဒုက္ခရောက်နေတဲ့လူတွေကိုကယ်တင်တာဟာ
ဒုက္ခရောက်နေတဲ့တိုင်းပြည်ကိုကယ်တင်တာပါပဲ။

ဗုံတွေကိုထုနှက်ကြပေါ့ 
နှဲကိုချောအောင်မှုတ်ကြပေါ့ ။
ငါ့ ညီတို့ 
မိုးဝေးတို့ 
ကိုရွေးတို့ 
ဝင်းမြင့်တို့ 
အဆင်ပြေကြရဲ့ လားကွာ။
စိုင်းဝင်းမြင့်
ဟိန်းမြတ်ဇော်
ခိုင်မြဲကျော်စွာ
မောင်ဖီလာ
နေကောင်းကြရဲ့ လားကွာ။
ခရမ်းပြာထက်လူရေ-
အထက်လူကြီးတွေကစပြီး
အောက်လူငယ်တွေအထိ။
ကိုချစ်ဝင်းမောင်ရေ-
မျိုးဆက်ဟောင်းနဲ့ 
မျိုးဆက်သစ်ပေါ့ ဗျာ။
ကိုစန်းဦးတို့ 
ကြွက်နီတို့ ကိုလည်း
ကျနော်သတိရပါတယ်။
တို့ အစ်ကို မောင်နီမွန်တို့ 
ကိုညွန့် သစ်တို့ ကနေ
အောင်ပိုင်စိုးတို့ 
ညီမင်းညိုတို့ အထိ။
ငါ့ ညီတို့ ရေ-
စစ်ရှုံးတဲ့စစ်သား
သူမနိုင်သေးတဲ့စစ်ပွဲကိုသတိရသလို
အစ်ကို
မင်းတို့ ကိုအမြဲသတိရတယ်။
တစ်နေ့ 
တို့ အနိုင်ရရမှာပေါ့ ။
တို့ ရှေ့ မှာ
အောင်ပွဲရှိတယ်။
ပြည်သူနဲ့ အတူ
တို့ အောင်ပွဲယူမယ်။
တို့ ဆရာဒဂုန်တာရာ
တို့ နဲ့ အတူရှိတယ်။
ကွယ်လွန်လေပြီးသောပန်းပွင့်များ
မောင်လေးအောင်
ဖော်ဝေး
ဇော်(ပျဉ်မနား)
မြေချစ်သူ
မောင်ချောနွယ်
ငါတို့ နဲ့ အတူရှိတယ်။
ကိုအောင်ချိမ့်ရေ-
အစ်ကိုရေ-
ကျနော့်ညီတွေကိုဂရုစိုက်ပါဗျာ။
မြင့်မိုးအောင်တို့ 
ဦးလှိုင်(သုခမိန်လှိုင်)တို့ ကိုလည်း
ကျနော်ကသတိရပါကြောင်း။
မောင်သာချို
ယမုံ
နေစိမ့်
ချစ်တိုးနွယ်တို့ ကလည်း
ကျနော့်ကိုသတိရမယ်ထင်ပါကြောင်း။
မိတ်ဆွေကြီးကိုဒေါင်း
ကျန်းခံ့သာလို့ မာပါစ။
သမိုင်းဆရာ မလုပ်နိုင်တဲ့အလုပ်
ကဗျာဆရာလုပ်နိုင်တယ်။
ပြည်သူချစ်ရင်
ကမ္ပည်းတင်မယ်။
ဆရာမောင်သာနိုး
ဆရာကိုလေး(အင်းဝဂုဏ်ရည်)
ဧရာဝတီမှဒုဌဝတီ။
သေချာသည်
မနက်ဖြန်
ဒဏ်ရာတို့ ကျက်မည်။
တစ်ချိန်မှာ
နရသိန်တံခါးပွင့်မည်။
တစ်နေ့ သော်
ပြည်တော်ဝင်ခန်းရောက်မည်။
ကဗျာဆရာအပေါင်းတို့ -
မြင်းခွာဖြောင်းဖြောင်း
ဖုန်ထောင်းထောင်းနဲ့ 
စစ်မောင်းဟည်းမြည်
တပ်ကြီးချီလော့။
ကဗျာဆရာအပေါင်းတို့ -
သံလွင် စစ်တောင်း
ပေါင်းလောင်းအစုံ
မြစ်ကြောင်းဟုန်ဟုန်
စီးကြကုန်လော့။
အို-ရန်ကုန်
ရင်တွေက
ဗုံလိုခုန်တယ်။
ယုံကြည်တယ်ဆိုရင်
တယောသံကြားမယ်။
ဗုံတွေကိုထုနှက်ကြပေါ့ 
နှဲကိုချောအောင်မှုတ်ကြပေါ့ ။
ရဲဘော်တို့ ရေ-
လွမ်းကြပေါ့ ။ ။
အောင်ဝေး
(ဒီဇင်ဘာ၊ ၇၊ ၂ဝ၁ဝ)



Thursday, September 11, 2008

When You Are Dead and Gone

In this human existence, in this human world,
T' is natural that one ages, fall ill and dies.
Nevertheless, when you are dead and gone,
Your birthplace, your land, should have remained improved.
Your national language and literature should have remained enhanced.
The temple where you pray and share your merit,
The torch of knowledge and light of truth should have remained a-glitter.

Translate by U Thet Tun

Wednesday, September 10, 2008

မှောက်ကျသွားတဲ့ စက်တင်ဘာညနေခင်းထဲမှာ



















စက်တင်ဘာရဲ့ ညနေခင်းတခု
ပက်ပက်စက်စက် မှောက်ကျသွားပုံများ
ရေဒီယိုထဲက မိစ္ဆာတို့ရဲ့ နတ်ဆိုးထိုးသံတွေ
လမ်းများပေါ်ကို
နှလုံးသားတွေထဲကို
ဖိတ်စင်လွင့်ကျလာသည်အထိ .....။
ကမ္ဘာမကြေ တေးသံဟာ
မှောက်ကျသွားတဲ့ ညနေခင်းထဲမှာ
တောက်တောက်ပပနဲ့ အလျှံတညီးညီး
“လက်ချင်းချိတ်ထားကြ”
“ကြောချင်းကပ်ထားကြ”
“အရှုံးမပေးဘူးကွ”
“လမ်းတွေပိတ်ထားကြ”
“သစ်ပင်တွေ လှဲထားကြ”
“သပိတ်စခန်းတွေကို အခိုင်အမာ ကာကွယ်ကြ”
“ရရင်ရ မရရင်ချ”
ဒါဟာ..... ငရဲပွက်သံ သွေးပျက်သံမဟုတ်
ကျောင်းသား ပြည်သူ ရဟန်းရှင်လူတို့ရဲ့
ရဲရင့်တဲ့ တိုက်ပွဲခေါ်သံဖြစ်တယ် .....။
မှောက်ကျသွားခဲ့တဲ့ စက်တင်ဘာရဲ့
ညနေခင်းတခုဟာ
အော်ဂလီဆန်စရာ
ငါတို့ရဲ့ အနာဂတ်တွေအပေါ်မှာ
ငါတို့ရဲ့ မျိုးဆက်တွေအပေါ်မှာ
ငါတို့ရဲ့ နိုင်ငံတော်အပေါ်မှာ
ကပ်ရောဂါဆိုးတခုလို အမြစ်တွယ်နေချိန်မှာ
ငါတို့တတွေရဲ့ ညီညွတ်ရေးဆိုတာကလည်း
မျက်မမြင်ပုဏ္ဏားခြောက်ယောက် ဆင်စမ်းသလိုမျိုး
*အိပ်ရေးမဝသေးတဲ့ ဝက်ဝဝကြီးလို
ဒီယိုင် ဟိုထိုး ကိုယ်ကျိုးနည်းစရာချည်းသာပ .....။
ရဲဘော်တို့ရေ .....
အဆုံးသတ်တိုက်ပွဲထဲမှာ
ဂမ်ဘာရီကို မေ့ထားလိုက်
ဘန်းကီမွန်းကို မေ့ထားလိုက်
ပြည်ပအကူအညီတွေ မေ့ထားလိုက်
သင်တို့ရဲ့ ပြင်းပြတဲ့ စိတ်ဆန္ဒကိုသာ
ယုံကြည်ချက်လေးပေါ်တင်ပြီး ပစ်လိုက်စမ်းပါ၊
မှောက်ကျသွားတဲ့ စက်တင်ဘာညနေခင်းထဲမှာ
လွတ်မြောက်ခြင်းတေးသံနဲ့ သမိုင်းသစ်ကိုဖွင့်လှစ်ကြမယ်.....။ ။
٭٭٭٭٭
(* ကဗျာဆရာတိုက်မောင်း၏ ‘ကုလားထိုင်စိုက်ပျိုးရေး’ ကဗျာမှ စာသား)