Showing posts with label Science သိပ္ပံ. Show all posts
Showing posts with label Science သိပ္ပံ. Show all posts
Monday, October 3, 2016
၂ဝ၁၆ Nobel ဆု ဇီဝကမ္မဆေးပညာဖြင့် ဂျပန်ဇီဝဗေဒပညာရှင်ရရှိ
ဂျပန်ဇီဝဗေဒပညာရှင် Yoshinori Ohsumi ကို ၂ဝ၁၆ အောက်တိုဘာ ၃ရက်မှာ ဇီဝကမ္မဗေဒ သို့ ဆေးပညာအတွက် Nobel ဆုကို ရွေးချယ်ခဲ့ပါသည်။ သူဟာ ခန္ဓာကိုယ်ထဲမှာ ဆဲလ်တွေ ဘယ် လိုပျက်စီးပြီး သူ့ဘာသာသူ ဘယ်လိုပြန်ဖြစ်တယ်ဆိုကို ရှာဖွေတွေ့ရှိခဲ့သည်။
Ohsumi သက်သေပြခဲ့တာကတော့ ဆဲလ်တွေထဲမှာ ပရိုတိန်းတွေကို ထိခိုက်ဒဏ်ရာရစေတဲ့အခါ ဆဲလ်အတွင်းမှာ ဖြစ်လာတဲ့ အသေးစားထည့်စရာပစ္စည်းလေးက အဲဒါတွေကို ထုတ်ပိုးပေးသည်။ ထိုထည့်စရာဆိုတာ ဆဲလ်အတွင်း ကလာပ်စည်းပိုင်းမှာရှိတဲ့ Lysosome နဲ့ ပေါင်းစည်းသွားပြီး ပျက်စီးသွားတဲ့ ပရိုတိန်းတွေကို အစိတ်စိတ်ပြိုကွဲစေပြီး ဆဲလ်ထဲမှာ လိုအပ်တဲ့ အာဟာရအရင်းအ မြစ်အဖြစ် ပြန်ဖြစ်သည်။ သူဟာ ပေါင်မုန့်ပြုလုပ်ရာမှာ အသုံးပြုတဲ့ ကဇော်လို့ခေါ်တဲ့ Yeast မှိုကို သုံးပြီး Autophagy မှာ ပါဝင်ပတ်သက်တဲ့ DNA မျိုးရိုးဗီဇကို အတိအကျသတ်မှတ်ခဲ့ပြီး Yeast မှိုနဲ့ Autophagy အော်တိုဖာဂျီလို့ခေါ်တဲ့ အလိုအလျှောက်ဖာထေးထုတ်ပိုးပြီး အာဟာရအရင်းအမြစ် အင်နာဂျီစွမ်းအင်ကို ဖြစ်ပေါ်စေတဲ့ အနုစိတ်ဖြစ်စဉ်နှင့် ဆင်တူတဲ့ ဖွဲ့စည်းတည်ဆောက်ပုံက လူ တွေရဲ့ ဇီဝကလာပ်စည်း ဆဲလ်တွေထဲမှာလည်း ရှိတယ်ဆိုတဲ့အကြောင်းကို သေချာအောင် လေ့ လာစိစစ်ခဲ့သည်။
Ohsumi ရဲ့ သုတေသန အကျိုးဆက်ကြောင့် Autophagy က ရောဂါပိုး ပပျောက်ရေးနှင့် သန္ဓေ သားကြီးထွားမှုဆိုင်ရာတွေမှာ ထင်ထင်ရှားရှားဖြစ်လာခဲ့သည်။ ၎င်းပြင် Autuphagy သည် ကင် ဆာ၊ ဆီးချိုအဆင့်၂နှင့် ခြေတုန်လက်တုန် ပါကင်ဆန်ရောဂါတွေရဲ့ ဆက်စပ်မှုကို သိရှိပြီး ကုသ ရေးဆိုင်ရာ အသုံးချသုတေသနတွေ ဆက်လုပ်သွားနိုင်တယ်လို့ဆိုသည်။
Autophygy ဖြစ်စဉ်ဟာ နှစ်ပေါင်း၅ဝကျော် သိရှိထားသော်လည်း Ohsumi ရဲ့ သုတေသနအရ ပထမဦးဆုံး ဇီဝကမ္မဗေဒနဲ့ ဆေးဝါးပညာတွေမှာ အရေးပါမှု ထင်ရှားလာတယ်လို့ Nobel ဆု ရွေး ချယ်ရေးကော်မတီက အကဲဖြတ်ခဲ့သည်။
Nobel ဆုရှင် Yoshinori Ohsumi က ဒီဆုဟာ ထူးခြားတဲ့ဝန်လေးကြီးကို ခံစားမိတယ်၊ ဘယ်သူ မှ မလုပ်တာကို ကိုယ်တိုင်တွေ့ရှိခဲ့တာဟာ ဝမ်းမြောက်စရာလို့ သတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့ သည်။ အသက် ၇၁နှစ်ရှိပြီဖြစ်တဲ့ Yoshinori Ohsumi သည် တိုကျိုနည်းပညာတက္ကသိုလ်မှာ ဂုဏ် ထူးဆောင် ပါမောက္ခအဖြစ် တာဝန်ထမ်းဆောင်နေသည်။ Autophagy လို့ခေါ်တဲ့ ဆဲလ်တွေဟာ မိမိရဲ့ အစိတ်အပိုင်းတွေကို တစစီဖြစ်စေပြီး အသစ်ပြန်ဖြစ်တဲ့ အနုစိတ်ဖြစ်စဉ်ကို မော်လီကျူးအ ဆင့်နဲ့ ရှင်းရှင်းလင်းလင်း ထုတ်ဖော်နိုင်ခဲ့သည်။
ဂျပန်တွေဟာ ၃နှစ်ဆက်တိုက် Nobel ဆုကိုရရှိခဲ့ပြီး ဇီဝကမ္မဗေဒ သို့ ဆေးပညာနယ်ပယ်မှာ မ နှစ်က Satoshi Omura ဆုရပြီးနောက် Yoshinori Ohsumi က ၄ယောက်မြောက်ဖြစ်သည်။
Wednesday, October 8, 2014
နိုဘဲလ်ရူပဗေဒဆုကို ဂျပန်၃ဦးရရှိ
၂၀၁၄ခုနှစ် ရူပဗေဒပညာရပ်ဆိုင်ရာ နိုဘဲလ်ဆုကို Meijō တက္ကသိုလ်က ပါမောက္ခ Isamu Akasaki, Nagoya တက္ကသိုလ်က ပါမောက္ခ Hiroshi Amano, California တက္ကသိုလ် Santa Barbara က ပါမောက္ခ Shūji Nakamura တို့ ၃ဦးပူး တွဲ ရရှိခဲ့သည်။
ထိုပညာရှင်၃ဦးသည် အပြာရောင် LED* ကို တီထွင်ရှာဖွေတွေ့ရှိခဲ့သည်။ ယခုခေတ် ဖန်သားမျက်နှာပြင်မြင်ကွင်းအကြီးကြီးတွေမှာ RGB အခြေခံတဲ့ အနီ၊ အ စိမ်းနှင့် အပြာ LED အလင်းရောင်ကို ကျယ်ကျယ်ပြန့်ပြန့်သုံးနေပါသည်။ အဲဒီအထဲ မှာ LED အပြာရောင် အလင်းက တီထွင်ထုတ်လုပ်မှုကို အခက်ကြုံခဲ့တယ်လို့ Nakamura က Tokushima မှာရှိတဲ့ Nichia Chemicals ကုမ္ပဏီလေးမှာ အလုပ်လုပ်စဉ် ပြောခဲ့သည်။ ၁၉၈၉ခုနှစ်မှာ တက္ကသိုလ်ဆရာများဖြစ်တဲ့ Akasaki နှင့် Amano တို့ က ကမ္ဘာ့ပထမဆုံး အောင်မြင်စွာတီထွင်နိုင်ခဲ့သည်။
LED အလင်းရောင်က တောက်ပပြီး အဝေးကြီးမှမြင်နိုင်ယုံသာမက မီးလင်းဖို့အတွက်စွမ်းအင်အနည်းငယ်သာလိုပြီး၊ တာရှည်ခံသည်။
၁၉ရာစုနှောင်းပိုင်းမှာ အလင်းရောင်ရဲ့ဖခင်လို့ဆိုရမဲ့ Thomas Edison က ဖန်မီးသီးကို တီထွင်နိုင်ခဲ့ရာမှ နည်းပညာအစပြုခဲ့သည်။ LED နည်းပညာကို အခု လို နိုဘဲလ်ဆု ချီးမြှင့်လိုက်တဲ့အတွက်ကြောင့် ၂၁ရာစုဟာ LED အလင်းခေတ်ဟု ဆို ရပေလိမ့်မည်။
LED* = Light-Emitting Diode (LED)

Subscribe to:
Posts (Atom)