၂ဝ၁၆ဧပြီ၁၄ရက် ဂျပန်စံတော်ချိန် ည၉နာရီ၂၆မိနစ်ခန့်မှာ M6.5 အင်အားပြင်း ငလျှင်ကြီး ဂျပန်နိုင်ငံ အနောက်တောင်ပိုင်း Kyuushuu ကျွန်း Kumamoto ခရိုင်ကို ဗဟိုပြုပြီး လှုပ်ခတ်သွားသည်။ ထိုငလျှင်ကြောင့် Tsunami ဒီလှိုင်းအန္တရာယ် သတင်း မရှိသော်လည်း သေဆုံး ထိခိုက်ဒဏ်ရာရခြင်း အပျက်အစီးများ ရှိခဲ့သည်။
ထိုငလျှင်ကြောင့် ယခုအချိန်အထိ ၁ဝဦး အသက်ဆုံးရှုံးပြီး ထိခိုက်ဒဏ်ရာရသူ ၆၅ဝကျော်ရှိကြောင်း အရေးပေါ် သတင်းမှာ ကြေညာထားသည်။
Kyuushuu ကျည်ဆံရထား ဂိုဒေါင်မှ ပြောင်းရွှေ့စဉ် သံလမ်းလွှဲချော်မှုရှိပြီး ထွက်ခွာမောင်းနှင်းဖို့ ရထားလိုင်း ပိတ်ထားရသည်။
အင်အားအပြင်းဆုံး M7 အထိရှိသော ထိုငလျှင်ကြီးသည် Kumamoto ခရိုင် 益城 Mashiki မြို့မှာ လှုပ်ခတ်ခဲ့သည်။ နောက်ဆက်တွဲ ငလျှင်များ အကြိမ်ပေါင်း ရာကျော်လှုပ်ခတ်နေသည်။ တပတ်အတွင်း ပြင်းအား M6 ရှိသော ငလျှင်အန္တရာယ်ရှိကြောင်း ကြေညာထားသည်။
Showing posts with label Earthquake ငလျှင်. Show all posts
Showing posts with label Earthquake ငလျှင်. Show all posts
Thursday, April 14, 2016
Wednesday, April 13, 2016
မြန်မာနိုင်ငံမှာ ပြင်းအား M6.9 ရှိသောငလျှင်လှုပ်
အမေရိကန် ဘူမိဗေဒတိုင်းတာရေးဌာန USGS ကတော့ မြန်မာနိုင်ငံအနောက်မြောက်ပိုင်း စစ်ကိုင်းဒေသမှာ ၁၃ရက် ညနေ၈နာရီ၂၅မိနစ် (ဂျပန်စံတော်ချိန် ည၁ဝနာရီ၅၅မိနစ်) ခန့်မှာ ပြင်းအား ၆.၉ ရှိတဲ့ ငလျင်လှုပ်ခတ်သွားတယ်လို့ ကြေညာထားသည်။
ယခုအချိန်ထိ ထိခိုက်ပျက်စီးမှု သတင်းများ မထွက်ပေါ်သေးဘူးဟု ဆိုသည်။
နေပြည်တော်မြောက်ဘက် အနောက်မြောက် ၃၉၆ကီလိုမီတာကွာဝေးပြီး၊ ငလျှင်ဗဟိုချက် ၁၃၄ကီလိုမီ တာအနက်ရှိသည်။ စစ်ကိုင်း၊ မုံရွာ၊ ရွှေဘို၊ မော်လိုက်၊ နေပြည်တော်နှင့် ရန်ကုန်စသည့် မြန်မာနိုင်ငံ မြို့အတော်များများမှာ ငလျှင်လှုပ်ခတ်မှုကို ခံစားသိရှိခဲ့သည်ဟု သိရသည်။ ၎င်းပြင် အိန္ဒိယ၊ တရုတ်နိုင်ငံများ မှာလည်း ငလျှင်လှုပ်ခတ်ကြောင်း သတင်းကြေညာထားပါသည်။
ငလျှင်ဗဟိုနှင့် နီးစပ်သော အိန္ဒိယ အာသံပြည်နယ်နှင့် အရှေ့မြောက်ပိုင်းမှာ လျှပ်စစ်မီးပြတ်တောက်ခြင်း များ ဖြစ်ပေါ်နေပြီး၊ မိုဘိုင်းဖုန်းလိုင်းများ ဆက်သွယ်ရေး ချို့ယွင်းမှု ဖြစ်ပေါ်ခဲ့သည်ဟု သိရသည်။

Subscribe to:
Posts (Atom)