တိုင်ကီ ၆လုံး
သက်ကြီးစကား သက်ငယ်ကြား ဆိုသလို ဖေဖေပြန်ပြောပြသော တိုင်ကီ ၆လုံးအကြောင်းကို မျှဝေသည်။
တချိန်တခါက ... ဈေးကွက်စီးပွားရေး အရောင်းအဝယ်အောင်မြင်ခဲ့စဉ်က ဆင်းရဲဒုက္ခဆိုတာ သူတို့ မတွေးမိခဲ့။
သူတို့ဆိုတာ ဖေဖေ၊ ညီလတ် နဲ့ ညီငယ် ၃ဦးကို ဆိုလိုတာပါ။
တနေ့မှာတော့ ပွဲရုံလုပ်ငန်းနှင့် အောင်မြင်ကြီးပွားနေသော သူတို့ စီးပွားပျက်လေပြီ။ အဲဒီနေ့က သူတို့ပိုင်ဆိုင်သမျှ ဈေးထဲက ပွဲရုံမှာရှိတဲ့ ကုန်စုံကုန်ခြောက်ပစ္စည်းများ ဝိုင်ယာရှော့ခ်ကြောင့် လောင်တဲ့မီးက အနှစ်နှစ်အလလ ကြိုးစားရှာ ဖွေ ပိုင်ဆိုင်ခဲ့သည့်အရာအားလုံးကို ဝါးမြိုလောင်ကျွမ်းခဲ့ပြီး ဆင်းရဲဒုက္ခကြီးကို မဖိတ်ခေါ်ဘဲ မျက်ဝါးထင်ထင် ရင်ဆိုင် လိုက်ရသည်။
မီးတွေလည်းငြိမ်း ပြာပုံအတိဖြစ်နေတဲ့ မီးလောင်ဈေးပျက်ကြီးထဲမှာ ဘာများပြန်ရမလဲလို့ သူတို့သွားပြန်ကြည့်ကြ တော့ သူတို့ပိုင်ဆိုင်သမျှအားလုံးအနက် တိုင်ကီ ၆လုံး ပြန်ရလိုက်သည်။
အဲဒီ တိုင်ကီ ၆လုံး နှယ်နှယ်ရရတော့မဟုတ်။ အထဲမှာ ပဲဆီအပြည့်နဲ့။ ဒါလဲကုသိုလ်ကံပဲ။ အရာခပ်သိမ်း မီးလောင်ပြာ ဖုံးခဲ့သော်လည်း မီးမလောင်ဘဲ ကျန်ရှိခဲ့သည့် ပဲဆီအပြည့်နဲ့ တိုင်ကီ ၆လုံး ဆိုတာ အဲဒီခေတ်တန်းဖိုးက မနည်းသား။
ဒီလိုနဲ့ ပြန်လည်ထူထောင်ရေးတွေလုပ်ရင်း သူ့မိသားစု ကိုယ့်မိသားစုအရေးတွေ ဦးစားပေးလုပ်ကိုင်နေစဉ် ဖေ့ဖေ့အ တွေးထဲ အဲဒီ ပဲဆီအပြည့်နဲ့ တိုင်ကီ ၆လုံး သူ့ခေါင်းထဲဝင်လာသည်။
အခုလို မီးလောင်ဆုံးရှုံးပြီး ဘာဆိုဘာမှ လက်ဝယ်ပိုင်ဆိုင်မှု မရှိတဲ့အချိန်မှာ ဒီ ပဲဆီအပြည့်နဲ့ တိုင်ကီ ၆လုံးဟာ တန် ဖိုးအရှိဆုံး မဟုတ်လား။ ညီအကို ၃ယောက်၊ တိုင်ကီ ၆လုံး။ ခွဲဝေယူမယ်ဆိုရင် ၁ယောက် ၂လုံးဆို ညီတူညီမျှ မဟုတ် လား။ ဒါပေမယ့် ဖေဖေက ညီအကိုထဲမှာ အကြီးဆုံး။ သားသမီးလည်း အများဆုံး။ ဒါပေမယ့် လောဘမရှိဆုံး။
နောက်တနေ့ မေမေ့ကို သူပြန်ပြောပြသည်။ ငါတို့ ညီအကို ၃ယောက် တိုင်ကီ ၆လုံး ခွဲဝေယူလိုက်ပြီ။ လောဘမရှိ သော မေမေကလည်း အဲဒါကောင်းပါတယ်ဟုသာ ပြောပြီး ဘာမှ မဝေဖန်ခဲ့။ သွားလည်းမကြည့်ခဲ့။
နှစ်များကြာသော် ... ဖေဖေပြန်ပြောပြသော တိုင်ကီ ၆လုံးအကြောင်းမှာ အံ့သြစရာကောင်းလောက်သည်။
သာမန်အားဖြင့် တိုင်ကီ ၆လုံး၊ ညီအကို ၃ယောက်၊ ခွဲဝေယူလိုက်တယ်ဆိုရင် ၁ယောက် ၂လုံးပေါ့။
ဒါဟာ သင်္ချာသမားပဲဖြစ်ဖြစ်၊ စီးပွားရေးသမားပဲဖြစ်ဖြစ်၊ ညီတူညီမျှ ၁ယောက် ၂လုံးသာ ဖြစ်သင့်သည်။
သို့သော် ဖေဖေ ခွဲဝေရယူပုံက ...
ညီအကို ၃ယောက်၊ တိုင်ကီ ၆လုံး။
ညီအလတ်က မေးသည် ကိုကို တိုင်ကီ ၆လုံး ဘယ်လိုခွဲယူမလဲတဲ့။
အဲဒီတော့ ဖေဖေက မင်းညီနဲ့ တိုင်ပင်ပေါ့။ မင်းညီသဘောတူရင် ပြီးတယ်တဲ့။
ဖေဖေ ဆုံးဖြတ်ရ ကြပ်သည်။ ဖေဖေကြားချင်တာက မင်းညီသဘောတူပါ့မလား ... တူပါတယ်တဲ့။
ညီအငယ်ဆုံးကိုလည်း မင်းတို့ စိတ်ဝမ်းမကွဲကြနဲ့နော်ဆိုတော့၊ ဟုတ်ကဲ့ပါတဲ့။
ဒါဆို ညီအလတ်ကို တိုင်ကီ ၃လုံး၊ ညီအငယ်ဆုံးကို တိုင်ကီ ၂လုံး၊ ဖေဖေ တိုင်ကီ ၁လုံး ခွဲဝေရယူလိုက်သည်။
ဒါနဲ့ ကျနော်မေးကြည့်သည် ... သူချစ်ရသော ညီ၂ယောက်နဲ့ ဖေဖေတို့ သူ့မိသားစု ကိုယ့်မိသားစုတွေရှိတော့ တ ကယ်ဘဲ စိတ်ဝမ်းမကွဲကြဘူးလား ...
ဖေဖေပြန်ပြောလိုက်သည်မှာ အဲဒါတော့ ငါမသိဘူး။ အဲဒီဆုံးဖြတ်ချက်အတွက် ဖေဖေကျေနပ်တယ်တဲ့။
တကယ်တော့ ဖေဖေကိုယ်တိုင် တိုင်ကီ ၂လုံး ရယူသင့်သော်လည်း ... ညီအလတ်ကို တိုင်ကီ ၁လုံး ပိုပေးလိုက်ပြီး ညီအငယ်ကိုတော့ သူရထိုက်တဲ့ တိုင်ကီ ၂လုံး ခွဲဝေပေးသည်။ ဖေဖေကတော့ သူတို့စိတ်ဝမ်းမကွဲစေဖို့ တိုင်ကီ ၁လုံး လျှော့ယူလိုက်ပုံရသည်။ အကိုကြီး အဖအရာဆိုတဲ့ ဆိုရိုးစကားရှိတယ် မဟုတ်လား။
Showing posts with label article ဆောင်းပါး. Show all posts

Thursday, July 12, 2018
Wednesday, August 6, 2008
Sunday, January 27, 2008
စာကြည့်တိုက်မရှိတော့တဲ့ ရန်ကုန်
စာကြည့်တိုက်မရှိတော့တဲ့ ရန်ကုန်
မောင်စွမ်းရည်
လက်ရှိ အမျိုးသားစာကြည့်တိုက်ကြီးရဲ့ အခြေအနေကို ကျနော်မှတ်မိသမျှ တင်ပြချင်ပါတယ်။ အများသိကြပြီး ဖြစ်တဲ့အတိုင်း အထက်ဗမာနိုင်ငံကို အင်္ဂလိပ်မသိမ်းမီ ၁၈၈၃ ခုနှစ်မှာ အောက်ဗမာပြည် ၀န်ရှင်တော်မင်းကြီး ဆာချားလ်စ် ဘားနဒ်(နယ်ချဲ့) တည်ထောင်ခဲ့တဲ့ ‘ဘားနဒ်အခမဲ့ ပိဋကတ်စာကြည့်တိုက်’ကို ဗမာပြည် လွတ်လပ်ရေးရတဲ့ နှစ်မှာ ရန်ကုန်မြူနီစပယ်စာကြည့်တိုက် သဘောမျိုး ဆက်ခံထိန်သိမ်းခဲ့ရာ ၁၉၇၂ ကျမှ အစိုးရကို ပေးအပ်ခဲ့တာ ဖြစ်ပါတယ်။
အဲဒီတော့မှ နိုင်ငံတော်စာကြည့်တိုက်သဘောမျိုးနဲ့ ဂျုဗလီဟောကို ရွှေ့ခဲ့စေပါတယ်။ စစ်တပ်အာဏာသိမ်းတဲ့ ၁၉၆၂ ခုနှစ်မှာ ပန်းဆိုးတန်း တိုက်အမှတ်-၁၆၆၊ ဒုတိယထပ်နဲ့ တတိယထပ်ကို ပို့ပြီး ပိတ်ထားခဲ့ပါတယ်။ ၁၉၆၅ ခုနှစ် ကုန်ခါနီးကျမှ ပြန်ဖွင့်ပါတယ်။ မြူမီစပယ်မြို့တော်ခန်းမမှာ ဖွင့်တာပါ။ ၁၉၇၄ ကျမှ ကမ်းနားလမ်း ခြောက် ထပ်ရုံးကို ပြောင်းပြီ ပြန်ဖွင့်ဖြစ်ပါတယ်။ အမည်အမျိုးမျိုး၊ နေရာအမျိုးမျိုး (၈) ကြိမ်ပြောင်းပြီးပါပြီ။
ခုလက်ရှိ အမျိုးသားစာကြည့်တိုက်ကြီးကို ၁၉၉၅ခုနှစ်ကစပြီး တာမွေသုဿာန်ဟောင်းကြီးထဲမှာ စတင်ဆောက် လုပ်ခဲ့ပါတယ်။ (၁၀)ဧကလောက် ကျယ်ပါတယ်။ အထပ် (၈)ထပ် ရှိပါတယ်။ သင်္ချိုင်းထဲမှာ ရှိပေမယ့် ခမ်းနားပါတယ်။ (၂)နှစ်နဲ့ အပြီးဆောက်မယ်ဆိုပေမယ့် ကျနော်ပြည်ပကို ထွက်လာတဲ့ ၂၀၀၂ နိုဝင်ဘာထိ မပြီးသေးပါဘူး။ (၁၀)နှစ်လောက် ကြာသွားတယ် ထင်ပါတယ်။ မပြီသေးပေမယ့် ၁၉၉၃ ခုနှစ် ကစပြီး ရွှေ့ပါတယ်။ ပေပုရပိုက်တွေကို အဖိုးအခယူပြီးဌားဖို့ဆိုထင်ပါရဲ့။ ဗိုလ်တထောင် ကောလိပ်ကို ရွှေ့လိုက်သေးတယ်လို့ ကြားရပါတယ်။ ဆာလာအိပ်တွေနဲ့ (၈)ခါရွှေ့၊ (၈)ခါကျိုးပဲ့မှာပါပဲ။
ကျနော်ထွက်လာပြီး မြန်မာတိုင်းမ်သတင်းစာမှာ ၂၀၀၃ ခုနှစ်က ဖေါ်ပြတဲ့ စာရင်းအရ စာနယ်ဇင်း ၆.၅ သိန်းခန့်၊ စာနက်စာအုပ် ၁.၈ သိန်းကျော် ရှိတယ်လို့ ဖေါ်ပြပါတယ်။ အခုအခါ ရွှေ့ပြောင်းပြီးလို့မှ အသားမကျခင် ဒီအဆောက်အအုံကြီးကို လေ လံပစ်ပြီး ရောင်းစားတော့မယ်လို့ ကြေညာလိုက်တော့ အရပ်ရပ် နေပြည်တော် ကြားလို့မတော်ဖြစ်ပြီး သုတေသီ ပညာတတ်လောကမှာ အတော်တုန်လှုပ် သွားခဲ့ရပါတယ်။ သုတေသီတွေက၀ိုင်းပြီး မရွှေ့အောင် ပန်းကြားဖို့ ကောင်းပါတယ်။
တကယ်ဆိုရင် အမျိုးသားစာကြည့်တိုက်ဆိုတာ အမျိုးသားစာပေကို သိမ်းဆည်းထားရာ နေရာဖြစ်ပြီး၊ သုတေသီ သုံးစွဲသူတွေနဲ့ နီးကပ်လွယ်ကူတဲ့ နေရာမှာ ရှိရပါမယ်။ အမျိုးသားစာကြည့်တိုက် အမျိုးအစား ပြည်သူ့စာကြည့်တိုက်တွေဟာ တိုင်းနဲ့ပြည်နယ်တိုင်းမှာ ရှိပါတယ်။ မန္တလေး၊ မော်လမြိုင်စတဲ့ တိုင်းနဲ့ပြည်နယ် မြို့တော်တွေမှာ ရှိပါတယ်။ ဒါကို ရန်ကုန်တိုင်း စာကြည့်တိုက်အဖြစ် နာမည်ပြောင်းပြီး၊ နေပြည်တော်သစ်မှာ စာကြည့်တိုက်အသစ် တည်ဆောက်ဖွင့်လှစ်ထားရှိပြီး အထူးလိုအပ်တဲ့ စာအုပ်တွေကို အသစ်ကူးယူ ထားရှိသင့်ပါတယ်။
လွတ်လပ်ရေးရတာ နှစ် (၆၀)ကြာမှ ကိုယ်ပိုင်အဆောက်အအုံနဲ့ ထားခွင့်ရတဲ့ စာကြည့်တိုက်ကြီးမှာ ငွေသုံး ဘတ်ဂျက်နည်းလို့ နိုင်ငံခြားစာအုပ်သစ်တွေ မ၀ယ်နိုင်ပါဘူး။ စာအုပ်ချင်း ဖလှယ်တာပဲ ရှိပါတယ်။ ခဲယမ်းမီးကျောက်၊ စစ်လေယာဉ်၊ စစ်ကားတွေပဲ ၀ယ်နေရတာကိုး။ ၁၉၉၀ ခုနှစ်က တနှစ်လုံးမှ ၅ သောင်းပဲရပြီး တိုးတောင်းလို့ ခုနှစ်သောင်းပဲ ရခဲ့ပါတယ်။ ၀န်ထမ်းက နေ့စားပေး ဆန် (၁၂)ပြည်နဲ့ ခန့်ထားသူတွေပါမှ ၂၅ ယောက်လောက်ပဲ ရှိခဲ့တာပါ။ ၀န်ထမ်းမလောက်လို့ အမျိုးသား စာစုစာရင်း အပြည့်အစုံ မလုပ်နိုင်ခဲ့တာဟာလည်း ကမ္ဘာ့အံ့ဖွယ်ပါပဲ။
ဘန်ကောက်က အမျိုးသားစာကြည့်တိုက် မှာ ပင်မစာကြည့်တိုက် အဆောက်အအုံမှာပဲ ၀န်ထမ်း (၁၂၅) ယောက်လောက် ရှိပါတယ်။ စာအုပ်ဆိုင်တွေမှာတောင် ကလေးစာဖတ်ခန်း ရှိပေမယ့် ဗမာပြည်မှာ ကလေးစာကြည့်ခန်း၊ ကလေးစာကြည့်တိုက် မရှိပါဘူး။ သူများနိုင်ငံရောက် ဗမာလူငယ်တွေက ကလေးစာအုပ်ဟာင်းတွေ လှူတော့ သူတောင်းစားနိုင်ငံ မဟုတ်ဘူးဆိုပြီး ဗိုလ်ခင်ညွန့်က ငြင်းပယ်ခဲ့ဖူးပါတယ်။
ဒီမိုကရေစီခေတ်က ရန်ကုန်မှာ ပြည်သူ့စာအုပ်တိုက်ခေါ် အများသုံးစာကြည့်တိုက် ရှစ်တိုက်ရှိခဲ့သတဲ့။ ခုရှိတဲ့ စာပေဗိမာန်စာကြည့်တိုက်နဲ့ ဂန္ဒီစာကြည့်တိုက်တို့ဟာ အသက်မ၀င်တော့သလောက် ပါပဲ။ ဒါကြောင့် ပုဂ္ဂလိက စာအုပ်အဌားဆိုင်လေးတွေ ပေါ်ပေါက်လာရတာကလည်း ကမ္ဘာ့အံ့ဖွယ်ပါပဲ။ နိုင်ခြားသား ကျောင်းသားတဦးက ထူးဆန်းလို့ အသေအချာကြည့်ပြီး စာတမ်းရေးဖူးပါတယ်။ စာကြည့်တိုက်မရှိလို့ ဒီလိုဖြစ်ရတယ်ဆိုတော့ အံ့သြသွားလေရဲ့။ နိုင်ငံခြားကလှူတဲ့ စာအုပ်တွေ ငြင်းပယ်ခံရဖူးပေမယ့်၊ ပြည်တွင်းစာအုပ်ဆိုင်တွေက စာအုပ်ဟောင်းတွေကိုတော့ အလှူခံပြီး ကျေးလက်စာကြည့်တိုက်၊ ရပ်ကွက်စာကြည့်တိုက် ကလေးတွေ ဖွင့်ခိုင်းနေတယ်လို့ ကြားရပါတယ်။
ဘာပဲဖြစ်ဖြစ် ၀မ်းသာပါတယ်။ ဒါပေမယ့် လွတ်လွတ်လပ်လပ် လှုပ်ရှားခွင့်မရှိပါဘူး။ ကြံ့ဖွံ့နဲ့ စွမ်းအားရှင် အစိတ်သား (တမတ်သား)ပါဝင်ပြီး၊ နိုင်ငံရေး မပါအောင် ကြီးကြပ်နေတယ်လို့ ကြားရတော့ စိတ်မကောင်းပါဘူး။
ကျနော်တို့ ကျောင်းသားဘ၀က မန္တလေးလမ်းမတလျှောက်မှာ စာဖတ်ခန်းလေးတွေ မှိုလိုပေါက်နေပါတယ်။ အနည်းဆုံးတော့ သတင်းစာမျိုးစုံ ကြည့်လို့ရပါတယ်။ နတ်နွယ်တို့၊မောင်မိုးသူတို့လို စာပေသမားတွေဟာ မန္တလေး ဒီလိုမျိုး ကိုးကားစာကြည့်တိုက်တွေက မွေးထုတ်လိုက်ခဲ့တာပါတဲ့။ ကျနော်တို့ဆိုရင် မန္တလေး မီးရထားရပ်ကွက် စာကြည့်တိုက်နဲ့ ကြီးပြင်းလာခဲ့ပါတယ်။
ကျနော်တို့ရွာ၊ ကိုတင်မိုးတို့ရွာတွေမှာလည်း စာကြည့်တိုက်ကလေးတွေ ရှိပါတယ်။ ကျေးလက်စာကြည့်တိုက်က လေးတွေက “အာရှလူငယ်”လေးတွေ ပေါ်ထွက်လာခဲ့ပါတယ်။ သူတို့ဟာ ဖက်စစ်တော်လှန်းရေး သားကောင်းလေးတွေအဖြစ် ကြီးပြင်းထွန်းကားလာခဲ့ပါတယ်။ စာကြည့်တိုက်တွေ ဖွင့်လိုက်တာဟာ ထောင်တံခါးတွေ ပိတ်တာနဲ့ အတူတူပဲလို့ ငယ်ငယ်က မှတ်ခဲ့ရဖူးပါတယ်။ ခုတော့ ထောင်တွေပဲ ထပ်တိုးလာပြီး စာကြည့်တိုက်တွေက ပိတ်ကုန်ပါတယ်။ တိုင်းပြည်ရဲ့ အနာဂတ်ကို ဒါတခုနဲ့ပဲ တွက်လို့ရနေပါပြီ။
မြို့လယ်က ဂျုပလီဟောလို သမိုင်းဝင် အဆောက်အအုံ၊ စာကြည့်တိုက် ပြတိုက်ဟောင်းနေရာကို ဖျက်ပြီး စစ်သမိုင်းပြ တိုက်ဆောက်သတဲ့။ သမိုင်းဝင် အတွင်းဝန်ရုံးကိုလည်း ရောင်းစားတော့မတဲ့။ ဘနဖူး သိုက်တူးရက်လေခြင်း။ နောင်တစ်ခေတ်ရဲ့ အောင်စစ်သည်တွေဟာ စစ်တန်းလျားတွေ ရောင်းပစ်ကြပါစို့။
အကျဉ်းထောင်၊ အချုပ်ခန်းတွေ ရောင်းပစ်ကျပါစို့။ ပုဂံခေတ် ပိဋကတ်တိုက် အစဉ်အလာကို ပြန်လည်ထူထောင်ကြပါစို့။
မောင်စွမ်းရည်
၂၀၀၈၊ ဇန်န၀ါရီ

Subscribe to:
Posts (Atom)