Friday, March 11, 2011

ဂျပန်မှာ မက်ဂနီကျူ့ ၈.၈ ရှိသော အင်အားပြင်း ငလျှင်လှုပ်















ယနေ့နေ့လည် ၂နာရီ၄၆မိနစ်ဝန်းကျင် တိုကျိုနှင့် ဂျပန်နိုင်ငံနေရာဒေသ အတော်များများ ပြင်းထန်သော ငလျှင်လှုပ်ခဲ့သည်။ ယခုအချိန်ထိ ဂျပန်ငလျှင်မှတ်တမ်းတွင် မက်ဂနီကျူ့ ၈.၈ ရှိသော အပြင်းထန်ဆုံး ငလျှင်ဖြစ်ခဲ့သည်။ အင်အားပြင်း ငလျှင်သည် ဂျပန်အရှေ့မြောက် ပစ္စိဖိတ်သမုဒ္ဒရာတွင် ဗဟိုပြုပြီး၊ မိယာဂိ ကင်န် မက်ဂနီကျူ့ ၇.ဝ၊ အီဘာရခိ ကင်န် ကမ်းလွန်ပင်လယ်တွင်း ဗဟိုပြု၍ မက်ဂနီကျူ့ ၇.၄၊ မိယာဂိ၊ အီဘာရခိ၊ အီဝတဲ့ မြို့နယ်မှာ ယခုချိန်ထိ ၅၆ ယောက်သေဆုံးပြီး၊ အတည်မပြုနိုင်သော ပျောက်ဆုံးသူ အများအပြားရှိကြောင်းသိရသည်။ ၂၁နာရီဝဝမိနစ်



No comments: