Friday, November 5, 2010

တိုကျိုအခွန်ရုံး (သံရုံး) ရှေ့ကန့်ကွက်ဆန္ဒပြမည်။

၂ဝ၁ဝ ရွေးကောက်ပွဲ ဆန့်ကျင်ရေးကော်မတီ (ဂျပန်)အခွန်ရုံး (သံရုံး) ရှေ့ကန့်ကွက်ဆန္ဒပြပွဲ
မြန်မာနိုင်ငံတွင် ၂ဝ၁ဝ ရွေးကောက်ပွဲကို ကမ္ဘာ့အဆိုးဝါးဆုံး အာဏာရှင်အာဏာရူးတို့က လာမည့် နိုဝင်ဘာ (၇) ရက်၌ ကျင်းပတော့မည်။ မြန်မာပြည်သူများ၏ အနာဂတ်ကံကြမ္မာသည် အဆိုးဝါးဆုံးဖန်တီးခံရတော့ မည်မှာ လက်တ ကမ်းသာ လိုတော့သည်။ အမျိုး၊ ဘာသာ၊ သာသနာကိုလည်း လူဆိုးလူမိုက်တို့က တရားဝင် ဖျက်ဆီး ကြတော့ မည်။ဒေါ်အောင်ဆန်းစုကြည်က Use your liberty to promote ours ဟု ပြောထားသည်။ ကျွန်ုပ်တို့ ပြည်ပမှ နေ၍ လွတ်လပ်တက်ကြွစွာ စနစ်တကျ စုစည်းလုပ်ဆောင်နိုင်သမျှသောမြန်မာ့နိုင်ငံရေး လှုပ်ရှားမှုများ သည် တနည်းတလမ်းအားဖြင့် အထောက်အကူဖြစ်စေသည်မှာ ငြင်းဆိုဖွယ်ရာ မရှိ။ ကျွန်ုပ်တို့ တိုင်းပြည်နှင့် လူမျိုးအတွက် အရေးကြီးဆုံး၊ အစိုးရိမ်ရဆုံး အချိန်ကားရောက်လျက်ရှိနေပြီ။ ဂျပန်ရောက်မြန်မာတိုင်း အတက် ကြွဆုံးအားမာန်၊ အပြင်းထန်ဆုံး စိတ်ဓါတ်ဖြင့် အခွန်ရုံး (မြန်မာသံရုံး)ရှေ့မှာ အကြီးကျယ် ဆုံးကန့်ကွက် ဆန္ဒပြ ကြမည်။
တတပ်တအား ပူးပေါင်းပါဝင်ကြလော့

၆-၁၁-၂ဝ၁ဝ (စနေနေ့) မွန်းလွဲ (၂) နာရီမှ ညနေ (၄) နာရီထိ
၇-၁၁-၂ဝ၁ဝ (တနင်္ဂနွေနေ့) နံနက် (၁ဝ) နာရီမှ ညနေ (၄) နာရီထိ
နေရာ - အခွန်ရုံး (မြန်မာသံရုံး) ရှေ့ Shinagawa, Tokyo, Japan

မြန်မာနှင့် ဂျပန် မီဒီယာများမှ ပါဝင်အားဖြည့် ကူညီပေးကြမည် ဖြစ်သည့်အပြင် Burma Campaign Japan / BCJP Television www.burmacampaign.net မှလည်း တိုက်ရိုက်ရုပ်သံလွှင့်ပေးမည် ဖြစ်သည်။

ပန်ကြားရေး ၂ဝ၁ဝ ရွေးကောက်ပွဲ ဆန့်ကျင်ရေး ကော်မတီ (ဂျပန်)

နီးစပ်ရာ မိတ်ဆွေများသို့ လက်ဆင့်ကမ်းအသိပေး အကြောင်းကြားပေးကြပါ။

No comments: