Sunday, September 27, 2009
Saturday, September 26, 2009
ပူးပေါင်းပါဝင်ကြပါစို့။
ဂျေအေစီ၏ အပတ်စဉ် နိုင်ငံရေးလှုပ်ရှားမှုအဖြစ် အောက်ပါ
အစီအစဉ်အတိုင်း လှုပ်ရှားရန် ရှိသည်။
ဂျပန်နိုင်ငံရောက် မြန်မာ့ဒီမိုကရေစီအရေး ကြိုးပမ်းနေကြသူများ ခင်ဗျား
မြန်မာ့ဒီမိုကရေစီအရေးအတွက် အာဏာရှင်စနစ်ကို စွန့်စွန့်စားစား တိုက်ဖျက်ခဲ့ကြသည့် သမိုင်းဝင် ရွှေဝါရောင် တော်လှန်ရေးကြီး (၂)နှစ်မြောက် နှစ်ပတ်လည် အခမ်းအနားနှင့် ရွှေဝါရောင် တော်လှန်ရေး၏ ကမ္ဘာကျော် ပြယုဂ်တခုဖြစ်သော ဂျပန်သတင်းထောက် နာဂါးအိ ခန်းဂျိ သတ်ဖြတ်ခံရမှု အောက်မေ့ဘွယ် အခမ်းအနားကို အောက်ပါအစီအစဉ်အတိုင်း ကျင်းပမည်ဖြစ်ပါ၍ တခဲနက် ပါဝင်လှုပ်ရှားကြပါရန် လေးစားစွာ နှိုးဆော်အပ် ပါသည်။
နေရာ - တိုကျိုမြို့ ရှီဘူယ UN အဆောက်အဦရှေ့
နေ့ရက် - ၂၇-၉-၂ဝဝ၉ (တနင်္ဂနွေနေ့)
အချိန် - ညနေ (၃) နာရီမှ (၅) နာရီထိ
မှတ်ချက် - အဖွဲ့အစည်းပေါင်းစုံတို့၏ တာဝန်ခံ ကိုယ်စားလှယ်များ၊ ခေါင်းဆောင်များမှ အမှာစကား ပြောကြားခြင်း၊ ဘာသာပေါင်းစုံဖြင့် ဆုတောင်းမေတ္တာပို့သခြင်းနှင့် သရုပ်ပြပွဲ အစီအစဉ်များ ပါရှိပါမည်။
JAC – Information
Joint Action Committee of Burmese Community in Japan
在日ビルマー人共同行動実行委員会 JAC)参加団体

Sunday, September 20, 2009
Saturday, September 19, 2009
စက္ကူလေယာဉ် ချန်ပီယံ မောင်သောင်ဒီ ဂျပန်တွင် ဝမ်းမြောက်စွာ အောင်ပွဲဆင်။
ထိုင်းနိုင်ငံကို ရွေ့ ပြောင်းနေထိုင်တဲ့ မောင်သောင်ဒီရဲ့ မိဘနှပါးဟာ ဒုက္ခသည်များ ဖြစ်တဲ့အတွက်ကြောင့် နိုင်ငံမဲ့နေသူ မောင်သောင်ဒီကို ထိုင်းအစိုးရ၏ အထူးခွင့် ပြုချက်ဖြင့် ဂျပန်နိုင်ငံ ချိဘခရိုင်မှာ ကျင်းပတဲ့ ဂျပန်ရိုးရာ အိုရီဂါမိ (စက္ကူဖြင့် ခေါက် လုပ်သော) လေယာဉ်ပျံ လွှတ်တင်ပြိုင်ပွဲမှာ ပါဝင် ယှဉ်ပြိုင်ခွင့် ရခဲ့ပြီး ဝမ်းမြောက်စွာ အောင်ပွဲဆင်နိုင်ခဲ့ပါတယ်။ သူ့ရဲ့ အနာဂါတ် အိပ်မက်လေးဟာ လေယာဉ်မောင်း တယောက် ဖြစ်ချင်ပြီး လွတ်လပ်စွာ ဝေဟင်မှာ လေယာဉ်ဝဲချင် ပါတယ်တဲ့။
Thursday, September 17, 2009
Subscribe to:
Posts (Atom)